အိမ်တစ်လုံးစဆောက်တော့မယ်ဆိုရင် ကုန်ကျစာရိတ်ကိုဘယ်လိုတွက်ရမလည်းဆိုတာ ခက်ခက်ခဲခဲစဉ်းစားနေစရာမလိုပါဘူး။ Engineer တွေမှာ Format ရှိပါတယ်။ ပုံစံပေါ့။ ဒီပုံစံထဲကို ၀င်အောင်တွက်ပေးရတယ်။ ဒါကြောင့် တယောက်နဲ့တယောက်စာရင်းအင်းတွေကလည်း တူညီပါတယ်။ အယူဆလေးတော့ တယောက်နဲ့တယောက် သင်ပေးတဲ့ဆရာပေါ်မှာမူတည်ပြီးတော့ ကွဲပါတယ်။ ကျတော်အသေးစိတ်ပြောပါမယ်။
တစ်ခုသတိထားရမှာက Estimate ဆိုတာ ခန့်မှန်းကုန်ကျစာရိတ်ပါ။ အဆောက်အဦးတစ်လုံးမဆောက်မှီထွက်လာတဲ့ ကုန်ကျစရိတ်ပါ။ အမှန်တကယ်ကုန်ကျစာရိတ်ကတော့ ဆောက်ကြည့်ပြီးမှ သိမှာ။ များသောအားဖြင့် ခန့်မှန်းကုန်ကျစာရိတ်က အမှန်တကယ်ကုန်ကျစာရိတ်ထက် များလေ့ရှိပါတယ်။ Estimate is always greater than actual cost ပါ။ ဒီလိုမှမဟုတ်ရင် ကန်ထရိုက်ရှုံးပါတယ်။ မြတ်ချင်လို့လုပ်ငန်းလုပ်ပါတယ်ဆိုနေမှ ရှုံးနေလို့မဖြစ်ပါဘူး။ တချို့အစိုးရဌာနတွေမှာတော့ ၄ လုံးမှာ ၁ လုံးလောက်က အရှုံးခံပြီး လုပ်ပေးရတာတွေရှိပါတယ်။ ဆောက်ခွင့်လိုချင်ရင်ပေါ့။ တချို့ဆောက်ပြီးတဲ့အခါ စာရင်းစစ်က ဟိုဟာဖြတ် ဒီဟာဖြတ်နဲ့ ဘာမှမကျန်တော့တဲ့ ကန်ထရိုက်တွေလည်း အများကြီးရှိပါတယ်။ အဆောက်အဦးတစ်လုံးက တည်ဆောက်ပြီးတဲ့အချိန်မှာ အရင်းပြန်ရတယ်ဆိုရင်တောင် ဒါက ရှုံးတာပါပဲ။ မတန်တဆစျေးနဲ့ တင်ဒါအောင်သွားတာတွေလည်းရှိပါတယ်။ ဒါက ဘာကိုပြောချင်နေလည်းဆိုရင် Estimate နဲ့ Actual Cost ဆိုတာ မတူဘူးဆိုတာပါပဲ။ ဘာလို့မတူလည်းဆိုရင် Estimate မှာ အလေအလွင့်ဖြစ်တာတွေကစ ထည့်ပေါင်းပေးထားလို့ပါ။ ကိုယ်က အလေအလွင့်မရှိအောင်လုပ်နိုင်လေလေ ကိုယ့်အတွက် ကျန်လေပါပဲ။
တွက်လိုက်တဲ့သူက ဘယ်လိုတွက်လိုက်မှန်းမသိ။ အဆောက်အဦးပြီးသွားတဲ့အချိန် ပစ္စည်းတွေပိုလို့ ကုန်ကားကြီးနဲ့ သွားတိုက်လိုက်ရတာလည်း ကြုံဖူးပါတယ်။ ဆိုတော့ Estimate မှာ အဓိက အပိုင်းကြီး ၅ ပိုင်းရှိတယ်။
5.Detail of Measurment
4.Builder Estimate
3.Abstract of Cost
2.Bill of Quantity
1.Summary
ဒီခေါင်းစဉ်ကြီး ၅ ခုမှာလည်း သူ့အကြောင်းရင်းနဲ့သူရှိပါတယ်။ ဘာကြောင့်ခွဲထားရသလည်းဆိုတဲ့အကြောင်းရင်းပေါ့။ Print ထုတ်တဲ့အခါမှာ 1 to 5 ထုတ်ရပေမယ့် တွက်တဲ့အခါမှာတော့ 5 to 1 တွက်ရပါတယ်။ ဒါကြောင့်စာအုပ်ကိုကြည့်ရင်တော့ 1 to 5 ဖြစ်နေမှာပါ။
5. Detail of Measurment
ဒါက ပထမဆုံးတွက်ရမယ့်ဟာပါ။ သူ့ကိုထားရတဲ့အကြောင်းရင်းက လုပ်ငန်းအမျိုးစားတွေကိုခွဲဖို့ပါ။ အဆောက်အဦးတစ်လုံးဆောက်မယ်ဆိုရင်အရင်ဆုံး လုပ်ငန်းအမျိုးစားတွေကို အရင်ခွဲရပါတယ်။ ဒီတော့ Item No. 1,2,3,4 ဆိုပြီးဖြစ်လာတယ်။ အရာရာတိုင်းကလည်း သူ့အစဉ်လိုက်နဲ့သူ သူ့စီနီယာနဲ့သူပါ။ ဥပမာ- အိမ်စဆောက်တော့မယ်ဆိုရင် အရင်ဆုံး မြက်ပင်ရှင်းလင်းတာတွေ အမှိုက်တွေရှင်းတာတွေ မြေငြိတာတွေ စသဖြင့် site cleaning လုပ်ရပါတယ်။ မဆောက်ခင် ပထမဆုံးလုပ်ရမယ့်အလုပ်ပါ။ ဒါကြောင့် သူက Item No.1 ။ မြေရှင်းပြီးတာနဲ့ Foundation အတွက်မြေကြီးတူးရပါတယ်။ ဒါကြောင့် ဒါက Item No.2 ပါ။ တချို့တွေကလည်း မြေတူးတာမလာခင် ပတ်တမ်းရိုက်တာတို့ တူးရမယ့်နေရာကို အမှတ်သားလုပ်တာတို့ စသဖြင့် ဒါတွေကလည်း ကုန်ကျစရိတ်တွေရှိနေတော့ ဒါကို Item No.2 ပေးပြီး Foundation မြေတူးတာကို Item No.3 ပေးပါတယ်။ မြေတူးပြီးတာနဲ့ Hardcore ကျောက်ကြီးချပါတယ်။ ဒါက Item No.4 ပါ။ ပြီးတာနဲ့ ကွန်ကရစ်အကြမ်းလောင်း 1:3:6 ကျတော့ Item No.5 ပါ ။ စသဖြင့် တယောက်နဲ့တယောက် အယူဆလေးတွေကွာသွားပေမယ့် စာရင်းတွေအကုန်လုံးကတော့ အပြင်မှာ အိမ်ဆောက်သလိုပါဘဲ သူ့အစဉ်လိုက်နဲ့သူ သူ့ခေါင်းစဉ်နဲ့သူသွားတာပါ။ ကျော်ခွပြီးမလုပ်ဘူး။ Detail Measurement မှာ လုပ်ငန်းအမျိုးစားရယ် လုပ်ငန်းလုပ်ရမယ့် အတိုင်းအတာတွေရယ် ပါ၀င်ပါတယ်။ ဥပမာ- မြေတူးမယ်ဆိုရင် မြေက ဘယ်လောက်အကျယ်တူးမှာလည်း။ ကွန်ကရစ်လောင်းမယ်ဆိုရင် ကွန်ကရစ်က ဘယ်လောက် အကျယ် ဘယ်လောက် ကုဗပေ လောင်းမှာလည်း စသဖြင့်ပါ။ သူ့မှာက လုပ်ငန်းအမျိုးစားနဲ့ အတိုင်းအတာဘဲ ပါပါတယ်။ ကုန်ကျစရိတ် ငွေစာရင်းတွေမပါ၀င်သေးပါဘူး။ နောက်ဆုံးရှင်းတန်းတွေထွက်ပါတယ်။ ဥပမာ မြေတူးတာဆိုရင်လည်း ဘယ်လောက် Cubic Feet လည်း ft^3, site cleaning ဆိုရင်လည်း ဘယ်လောက် ft^2 လည်း စဖြင့် Total ထွက်ပါတယ်။
4. Builder Estiamte
Detail Measurement တွက်ပြီးတာနဲ့ ဆက်လုပ်ရမှာက Builder Estiamte ပါ။ သူကျတော့ DM မှာ လုပ်ထားတဲ့ခေါင်းစဉ်တခုချင်းစီကို အကောင်ထည်ဖော်ဆောင်ရွက်ဖို့ပါ။ ဥပမာ- သူ့ရှေ့မှာရှိတဲ့ DM မှာ မြေကျင်း ၁၀၀ တူးရမယ်။ ဒီအတွက် Builder Estimate က ဒီလောက်အကောင်ထည်ဖော်ဖို့ဆိုရင် လူကဘယ်နှယောက်ကုန်မလဲ စသဖြင့်ပါ။ ကွန်ကရစ်က ကျင်း ၁၀၀ လောင်းရမယ်ဆိုရင် ဒီအတွက် ဘိလပ်မြေက ဘယ်နအိပ်၊ လူက ဘယ်နယောက်၊ ကျောက်က ဘယ်နကျင်း၊ စသဖြင့် လိုအပ်တာမှန်သမျှကို အရေတွက်ပါမက၊ စျေးနုန်းကိုပါ တခါထဲဖော်ပြပါတယ်။ သူ့မှာပါတဲ့ Item တွေအကုန်လုံးက သူ့ရှေ့မှာရှိတဲ့ DM မှာပါတဲ့ Item တွေအားလုံးနဲ့တူတူပါပဲ။ သူ့ရဲ့အားသာချက်က လုပ်ငန်းတစ်ခုချင်းစီရဲ့ စျေးနုန်းကိုထွက်လာတာ။ ဥပမာ -- မြေတူးတဲ့လုပ်ငန်းလုပ်မယ်ဆိုရင် ဘယ်လောက်ကုန်မယ် လူဘယ်နှယောက်ထွက်လာမယ် ။ စသဖြင့်ပါ။ အိမ်က မြေဘဲအရင်တူးထားအုံးမယ်ဆိုရင်လည်း မြေတူးခြင်းလုပ်ငန်းပြီးစီးမယ့် ကုန်ကျစာရိတ်ကို တခါထဲပြောနိုင်ပါတယ်။
3.Abstract of Cost
AC က သူ့ရှေ့မှာရှိတဲ့ BE ကို ပြန်ကူးချတာပါပဲ။ BE မှာတုန်းက မြေတူးတဲ့လုပ်ငန်းဆိုရင် လူဘယ်နှစ်ယောက်ကုန်မလဲ၊ ကွန်ကရစ်လောင်းတဲ့လုပ်ငန်းဆိုရင်လည်း ဘိလပ်မြေကဘယ်လောက်၊သဲကဘယ်လောက်၊ကျောက်ကဘယ်လောက် စသဖြင့် အသေးစိတ်ရေးထားပေမယ့်၊ ဒီ Abstract of Cost မှာတော့ စျေးနုန်းပဲပါတယ်။ ပစ္စည်းစာရင်းတွေမပါဘူး။ သူ့မှာက အဓိက ၂ ခုပါတယ်။ unit ရယ် cost ရယ်ပါ။ ဥပမာ... မြေတူးလိုက်တာ 800 cubic feet (Cft) ရယ်၊သူ့အတွက်ကုန်မှာက ၁၀ သိန်း၊ ဒါဆို 1 Cft ဆိုရင် ဘယ်လောက်ကုန်မလဲ ပြန်စားကြည့်လို့ရပါတယ်။ ဒါက အလုပ်သမားနဲ့ဖြစ်ဖြစ် စာရင်းရှင်းတဲ့အခါမှာလိုတယ်။ ကိုယ့်စျေးနုန်းက များလည်းနည်းလားကို ဒီမှာ ချိန်ကြည့်လို့ရတယ်။
2. Bill of Quantity
သူကတော့ ရှေ့ကစာရင်းတွေနဲ့မတူပါဘူး။ သပ်သပ်စီပါ။ ပစ္စည်းကုန်ကျစာရိတ်စာရင်းနဲ့လုပ်အားကုန်ကျစရိတ်စာရင်းပါ။ ပစ္စည်းကုန်ကျစရိတ်စာရင်းမှာဆိုရင် သဲကဘယ်နကျင်း၊ ဘိလပ်မြေကဘယ်နှအိပ်၊အုပ်က ဘယ်နလုံး၊ သံကဘယ်လောက်၊ ဝါရာကြိုးကဘယ်လောက်၊ သစ်သားက ဘယ်လောက် ၊ ပြောရရင် ကုန်မာဆိုင်မှာသွား၀ယ်တဲ့ ဘောက်ချာနဲ့တူပါတယ်။ ဘောက်ချာစာရွက်ပါ။ သူ့ကိုကျတော့ Builder Estimate ကနေ သွားယူလို့ရတယ်။ ဒါတွေအားလုံးက BE မှာတော့ပါပြီးသားပါ။ ဒါပေမယ့် BE က လုပ်ငန်းတစ်ခုစီတိုင်းမှာထွက်လာတဲ့ဟာတွေဖြစ်နေတယ်၊ စုစုပေါင်းမဟုတ်ဘူး။ ဥပမာ... 1း3း6 လောင်းရင်လည်း ဘိလပ်မြေပါသလို 1း2း4 လောင်းရင်လည်း ဘိလပ်မြေပါပါတယ်။ BE မှာကျတော့ လုပ်ငန်းတစ်ခုချင်းစီရဲ့အောက်မှာဖြစ်လို့ အမျိုးတူရာတွေကိုသွားမပေါင်းထားပါဘူး။ ဥပမာ ... ဟို Item အောက်မှာလည်း ဘိလပ်မြေပါ၊ ဒီ Item အောက်မှာလည်း ဘိလပ်မြေပါ စသဖြင့်ပြန့်ကျဲနေလိမ့်မယ်။ ဒီ B.Q မှာတော့ ဘောက်ချာဖွင့်ထားတာပါ။ သူ့မှာ ၂ ပိုင်းရှိတယ်။ ပစ္စည်းစာရင်းက တပိုင်း၊ အလုပ်သမားခက တပိုင်း။ ဒီ ၂ ခုပေါင်းထားတာက ခုနက အပေါ်မှာပြောခဲ့သလို Item တွေအားလုံးရဲ့ ကုန်ကျစရိတ်ပေါင်းတာနဲ့ သွားညီရပါမယ်။
1. Summary
ဒါကတော့ တိုတိုနဲ့လိုရင်းပါ။ အဆောက်အဦးနဲ့ ကုန်ကျစရိတ်စုစုပေါင်းပေါ့။ သူက Final ဘဲ။ ဒါကြောင့် စာအုပ်ထုတ်ရင် သူ့ကို ရှေ့ဆုံးစာမျက်နှာမှာထားပေးရတာ။ သူ့ရှေ့မှာရှိတဲ့ သူ့နောင်တော်စာရင်းတွေက ကုန်ကျစရိတ်တွေပေးလိုက်ပြီဆိုပါတော့။ ဒီအတိုင်း အတည်ယူလို့မရသေးပါဘူး။ Contengency ခတွေ၊ ရေမီးဖိုးတွေ စတာတွေကို အဆောက်အဦးကုန်ကျစရိတ်ရဲ့ ရာခိုင်နုန်းမှာသွားပေါင်းပေးရသေးတယ်။ များသောအားဖြင့် CIVIL တွေက M&E ကို မတွက်ပါဘူး။ တွက်လည်းမတွက်တတ်ပါဘူး။ ဒါကြောင့် ရာခိုင်နုန်းနဲ့ယူလိုက်တာပါ။ တွက်ပြီးတဲ့အချိန်မှာ နောက်ဆုံးအပြီးသတ် ကုန်ကျစရိတ်ထွက်လာမယ်။ ဒါကို အဆောက်အဦးရဲ့ Total Floor Area နဲ့စားရပါမယ်။ ၂ ထပ်ဆိုရင် ၂ ထပ် floor area ပါ။ တချို့တွေကတော့ အောက်ဆုံးထပ်ကိုဘဲ ၂ နဲ့မြှောက်ကြတယ်။ ကျတော်ကတော့ ဒါကို မမှန်ဘူးလို့ထင်တယ်။ အဆောက်အဦးတခုက Varendah ပါတဲ့ဟာမျိုးတွေလည်းရှိနိုင်တာဘဲ။ တထပ်နဲ့တထပ်က floor area က အမြဲတူမှာမဟုတ်ဘူး။ ဆိုတော့ အဆောက်အဦးရဲ့စုစုပေါင်းကုန်ကျစရိတ်ကို total floor area နဲ့စားလိုက်တဲ့အခါမှာ PAE ထွက်ပါပြီး။ RC ဆိုရင် ၃ သောင်း ၀န်းကျင်လောက်တော့ ရှိနိုင်တယ်။ ဒီထက်ပိုသလို ဒီထက်လည်း လျော့နိုင်တယ်။ ဒါကတော့ Estimate ပါပါ။
Aung Hla Min Naing

0 Comments