Load Combinations အတွဲတွေ မှာ အတွဲတိုင်း ပါလေရာ Load တစ်ခု ကတော့ Dead Load ဖြစ်ပါတယ်။ အမြဲတမ်း ရှိနေတဲ့ ဝန် မို့ ဝန်သေ လို့ မြန်မာလိုပြန်ချင်လည်း ပြန်နိုင်ပါတယ်။ Structural Elements အစိတ်အပိုင်း အားလုံး ရဲ့ self-weight နဲ့ အပေါ်မှာ အမြဲတမ်းတင်ထားတဲ့ ဝန် superimposed dead load တွေ ပါဝင်ပါတယ်။
အဆောက်အဦ တစ်ခု မှာ သုံးထားတဲ့ Materials အားလုံးရဲ့ အလေးချိန် (ဝန်) ကို ခေါ်တယ်လို့ အကြမ်းဖျဉ်း ဆိုနိုင်ပါတယ်။ Beams, Columns, Floors/Slabs တွေသာမက အခန်း၊ နံရံ၊ အမိုး၊ မျက်နှာကြက်၊ လှေကားခွင်၊ Cladding, Finishes, Foundation စတဲ့ Architectural and Structural items တွေ သာမက ကရိန်း၊ Risers, HVAC, Plumbing, Fire Protection / Sprinkler, Elevator (Lift) and Elevator Machinery, Lighting, Electrical စတဲ့ MEP Systems တွေ မှာ ပါတဲ့ ပိုက်တွေ၊ စက်ပစ္စည်းတွေ၊ Valves တွေ Cable Tray/Cable Supports, Pipe Supports / Risers / Brazing Systems တွေ၊ ရေလှောင်ကန်တွေ အားလုံး ပါဝင်ပါတယ်။
ခုနောက်ပိုင်း ကုဒ်အသစ်တွေ မှာ အမိုးပေါ်တင်ထားတဲ့ စိုက်ခင်း Vegetative and Landscaped Roofs တွေ ဆိုလာပြား Solar Panels တွေ ပါ ထည့်သွင်းသတ်မှတ်လာတာ တွေ့ရပါတယ်။ နိဒါန်းပျိုးခဲ့သလို Dead Loads တွေ ကို Load Combinations အတွဲတိုင်း၊ အတွဲတိုင်း မှာ ပါလေရာ Permanent Loads တွေ လို့ ယူတွက်ရပါတယ်။
Load Paths ပေါ်မူတည်ပြီး သင့်တော်ရာပေါင်း၊ ရတာမို့ အထပ်လိုက် တစ်ထပ်ချင်း၊ အတွဲလိုက်၊ ဒါမှမဟုတ် အဆင့်ဆင့်ပေါင်း စသည်ဖြင့် သင့်တော်သလို ပေါင်းစပ်ပြီး စနစ်တကျ စဉ်းစားပေးရပါတယ်။ အရင် တင်ပေးခဲ့တဲ့ Load Paths သဘောတရားအရ Counter လုပ်မယ်ဆိုရင် အောက်ခြေ ဖောင်ဒေးရှင်း အထိစဉ်းစားပေးရတာ လည်း လိုအပ်နိုင်ပါတယ်။
MEP Systems Loads
Structural Designer တစ်ယောက် အနေနဲ့ MEP Loads တွေ ကို ခန့်မှန်းဘို့ ဆိုတာ က လုပ်နေကျ ပရောဂျက် မျိုး မဟုတ်ရင် အတော်ခက်ခဲ လေ့ရှိပါတယ်။ ဒီလို အခက်အခဲ ရှိတာမို့ အရင်ရှိတဲ့ ဒေတာတွေ နဲ့ ခန့်မှန်းလို့ မရဘူးလားဆိုတော့ ရပါတယ်။ ဒါကို MEP Engineer ဆီက ရယူရပါလိမ့်မယ်။
ဒါပေမဲ့ Final Design အချောသတ် အတွက် Actual Weights of Materials of Construction and Fixed Service Equipment ကို ပဲ သုံးရမယ် လို့ ကုဒ်ထဲမှာ သတ်မှတ်ထားပါတယ်။ ဒီအချက် က Coordination မကောင်းရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါဆို Overestimating လုပ်မယ်လေ၊ ပိုယူလိုက်တာပဲ မရဘူးလား လို့ မေးရင် Load Combinations တွေ မှာ ပေါင်းထည့်တဲ့ Additive ဆိုရင်တော့ ရပါတယ်တဲ့။ ဒါပေမဲ့ (Wind Uplift & Seismic Cases တွေ လို) Counteracting Load Combinations မှာ လက်ခံနိုင်စရာ မရှိဘူး လို့ ဆိုပါတယ်။ Weight of Fixed Service Equipment တွေ အကြောင်းမှာ Empty Weight ရော Maximum Weight ကို ပါ Dead Load လို့ ယူဆရမယ် လို့ ပါပါတယ်။ ဒီ Empty Weight & Maximum Weight ခွဲတာ ကို IBC မှာတော့ ပိုပြီး ရှင်းအောင် F နဲ့ ပြပါတယ်။
F = the nominal load due to fluids having “well defined pressures and maximum heights.”
Load Combinations တွဲတဲ့ အခါ Overturning or Uplifts Force Due to Wind အတွက် Anchorage Design လုပ်တဲ့ အခါ Counteracting Dead Load ကို 0.9 ပေးယုံမက F=0 ပေးပြီး အများဆုံး ဖြစ်နိုင်ချေ ကို ရအောင် လုပ်ယူခိုင်းပါတယ်။ (Re: IBC eq #16-6)
ASCE 7 Commentary C3
Dead Loads တွေ ကို ကြိုတင်ခန့်မှန်း နိုင်ဘို့ ASCE 7 Commentary မှာ Table C3.1 တွေ ပါဝင်ပါတယ်။ C.3.1.3 Weight of Fixed Service Equipment တွေ အကြောင်းမှာ Empty Weight ရော Maximum Weight ကို ပါ Dead Load လို့ ယူဆရမယ် လို့ ပါပါတယ်။ အပေါ်မှာ ပြောခဲ့သလို ပဲ Wind Load ကို အာခံအံတု တဲ့ အခြေအနေ မှာ ပဲ Empty Weight ကို ယူရပါတယ်။
Air Con Chillers တွေ HVAC Equipment တွေ က တန်ပေါင်းများစွာ လေးပါတယ်။ ဒီထက်ပိုလေးတာ ကတော့ Water Tanks အမျိုးမျိုးပါ။ Potable Water Tank, Fire Water Tank, Cooling Tower Makeup Water Tanks စတဲ့ ရေကန် အမျိုးမျိုး ပါ။ Electrical Transformers, Switch-gears တွေ ကလည်း ဖော့တုံးနဲ့ လုပ်ထားတာ မဟုတ်ပါဘူး။ဒီလိုအပ်ချက် ကို ကုဒ်အတိုင်း မီအောင်လုပ်မယ်ဆိုရင် Architects တင်မက Civil, Structural, Civil, Mechanical, Electrical Engineers အားလုံး Coordination အရမ်းကောင်းဘို့ လိုအပ်ပါတယ်။
ရေနံ၊ ဓာတု စက်ရုံအပါအဝင် Industrial Plants တွေ မှာ တော့ Erection, Empty, Operating, Test စတဲ့ အပိုင်းတွေ ကို ခွဲပြီး စဉ်းစားပါတယ်။ Load Combinations က လည်း IBC/ASCE 7 ထက် အများကြီး ပိုရှုတ်ထွေးတာ မို့ ဒီအပိုင်း တွေ ကို ရိုးရိုး အခြေခံ တွေ မိတ်ဆက်တဲ့ အပိုင်း ပြီးမှ ပဲ မိတ်ဆက်ပေးနိုင်ပါလိမ့်မယ်။
Ko Chaw
.
Ref:
1) IBC-2018:
2) ASCE 7-10 & ASCE 7-16

0 Comments