Distribution of Soil Pressure ( Concept )

 


တိုင်ရဲ့ဝိတ်က အုတ်မြစ်ဖိနပ်ခုံရဲ့ အလယ်တည့်တည့်ပေါ်ကိုသက်ရောက်လိုက်တဲ့အခါ အုတ်မြစ်ဖိနပ်ခုံဧရိယာအောက်က မြေကြီးရဲ့မျက်နှာပြင်ပေါ်မှာ တပြေးညီဖိအားတခု ‌ဖြစ်ပေါ်လာတယ်လို့ယူဆသည်။ သို့သော် အမှန်တကယ်မြေကြီးဖိအားဖြန့်ကြက်မှုက တပြေးညီထဲရှိမှာမဟုတ်ပဲ မြေကြီးရဲ့ဖွဲ့စည်းပုံ ၊ အုတ်မြစ်ဖိနပ်ခုံရဲ့ ပျော့နွဲ့မှုအတိုင်းအတာပမာဏ စတဲ့အချက်တွေအပေါ်မှာ မူတည်သည်။

စေးကပ်မှုမရှိတဲ့မြေကြီး (သဲ ) ထဲမှာဖြစ်ပေါ်တဲ့ မြေကြီးဖိအား

ဖိအားဟာဆိုရင် အုတ်မြစ်ဖိနပ်ခုံရဲ့ အလယ်အောက်မှာ အများဆုံးဖြစ်ပြီး အုတ်မြစ်ဖိနပ်ခုံရဲ့ အဆုံးဘက်တွေဆီကို တဖြည်းဖြည်းလျော့နည်းသွားသည်။ စေးကပ်မှုမရှိတဲ့မြေဟာ အုတ်မြစ်ဖိနပ်ခုံရဲ့ အစွန်အဖျားနေရာတွေမှာ ရွေ့လျားနိုင်ပြီး ဖိအားလျော့မှုဖြစ်စေကာ ၊ အုတ်မြစ်ဖိနပ်ခုံအလယ်တဝိုက်မှာကတော့ မျှခြေအခြေအနေတွေဖြစ်စေဖို့ ဖိအားကတိုးလာသည်။

စေးကပ်တဲ့မြေကြီး (ရွှံ့) ထဲမှာဖြစ်ပေါ်တဲ့မြေကြီးဖိအား

အကယ်၍ အုတ်မြစ်ဖိနပ်ခုံဟာ ရွှံ့စေးလို စေးကပ်မှုရှိတဲ့မြေကြီးပေါ်မှာ ရှိမယ်ဆိုရင် အုတ်မြစ်ဖိနပ်ခုံရဲ့ အစွန်အဖျားတွေအောက်မှာ ဖြစ်ပေါ်တဲ့ဖိအားက အလယ်မှာဖြစ်ပေါ်တဲ့ဖိအားထက် ပိုကြီးသည်။ အုတ်မြစ်ဖိနပ်ခုံဘေးပတ်ပတ်လည်တဝိုက်က ကပ်လျက်ရှိနေတဲ့ ရွှံ့ထက်စာရင် အုတ်မြစ်ဖိနပ်ခုံအစွန် အဖျားနားတွေက ရွှံ့ဟာ ပိုပြီးစေးကပ်ကာ မညီမညာဖိအားဖြန့်ကြက်မှုကိုဖြစ်စေသည်။

မြေကြီးရဲ့ခွင့်ပြုခံနိုင်အား

မြေကြီးရဲ့ခွင့်ပြုခံနိုင်အား ( ခွင့်ပြုနိုင်တဲ့ဝိတ်ထမ်းမြေကြီးဖိအား ) ကို များသောအားဖြင့် မြေကြီးစမ်းသပ်မှုများမှ သိရှိနိုင်သည်။မြေကြီးရဲ့ခွင့်ပြုခံနိုင်အားတန်ဖိုးတွေဟာ ကျောက်ဆန်တဲ့အလွှာတွေမှာ အလွန်မြင့်ခြင်းမှ နုန်းဆန်တဲ့မြေတွေမှာ အလွန်နိမ့်ခြင်းအထိ မြေကြီးအမျိုးအစားကိုလိုက်ပြီး မတူကွဲပြားရှိနိုင်သည်။ ဥပမာအားဖြင့် မြေကြီးရဲ့ခွင့်ပြုခံနိုင်အားတန်ဖိုးဟာ အနယ်ကျကျောက်လွှာမှာဆိုရင် ၁ ပေပတ်လည်ကို ပေါင် ၃၀၀၀၀ ၊ ကျစ်လစ်သိပ်သည်းတဲ့ ကျောက်စရစ်လွှာမှာဆိုရင် ၁ ပေပတ်လည်ကို ပေါင် ၈၀၀၀ ၊ ကျစ်လစ်သိပ်သည်းတဲ့ သဲလွှာမှာဆိုရင် ၁ ပေပတ်လည်ကို ပေါင် ၆၀၀၀ နဲ့ နုန်းဆန်တဲ့ကျောက်စရစ်မြေလွှာတွေမှာဆိုရင် ၁ ပေပတ်လည်ကို ပေါင် ၃၀၀၀ ရှိသည် ။

တပြေးညီဖိအားဖြစ်ပေါ်တယ်လို့ ယူဆပြီးထားတဲ့မြေကြီးဖိအားဖြန့်ကြက်မှု

တိုင်ရဲ့ဝိတ်က သက်ရောက်လိုက်တဲ့အခါ တိုင်ရဲ့အောက်မှာရှိတဲ့ အုတ်မြစ်ဖိနပ်ခုံအပိုင်းဟာ အောက်ကိုကျွံဝင်သွာူသည် ။
အုတ်မြသ်ဖိနပ်ခုံဟာ တပြေးညီအခုံးပုံသဏ္ဍာန်ဖြသ်ပေါ်လာမှာဖြစ်ပြီး အုတ်မြစ်ဖိနပ်ခုံရဲ့ အစွန်းထွက်နေတဲ့ အပိုင်းတွေပေါ်မှာ အပေါ်ပြန်ကန်ဖိအားတခုဖြစ်ပေါ်စေသည်။ အပိုင်ူတခုချင်းစီဟာ ‌မောင်းတံတခုလိုပြုမူမှာဖြစ်ပြီး သူတို့ကို ကွေးညွှတ်လည်အားတွေနဲ့ လျှောပြတ်အားတွေကို ခံနိုင်ဖို့ ဒီဇိုင်းပြုလုပ်ပေးရမည် ။

တင်လင်းအောင် ( ကျွန်းလှ)
Ref: Structural Concrete -Theory and Design
( M.Nadim Hassoun ၊ Akthem Al-Manaseer)





Post a Comment

0 Comments