အဆောက်အဦ တစ်ခု တစ်ခုလုံးကို ခြုံကြည့်ရင် ပဲဖြစ်ဖြစ်၊ သုံးထားတဲ့ Structural Members အားလုံး ကို ဆန်းစစ်ကြည့်ရင်ပဲ ဖြစ်ဖြစ် Strength and Stability (Integrity) ခိုင်ခန့်၊ လုံခြုံစိတ်ချရမှု ရှိတာ သေချာအောင် ဆန်းစစ်နိုင်ဘို့ အတွက် Load Paths (ဝါ) ကျလာတဲ့ ဝန်တွေ ကို ဘယ်လို အဆင့်ဆင့် ထမ်းတဲ့ လမ်းကြောင်း အကြောင်း ကို ဂဃနဏ နားလည်နေဘို့ လိုအပ်ပါတယ်။
ASCE 7-10/7-16 #1.4 General Structural Integrity မှာ ဒီလိုအပ်ချက် ကိုတွေ့နိုင်သလို Wind/Seismic အပိုင်းမှာ လည်း Load Paths လိုအပ်ချက်တွေ နေရာတကာ ပါနေတာ သတိထားမိကောင်း ထားမိနိုင်ပါလိမ့်မယ်။
Load Path ဆိုတဲ့ ဝေါဟာရ ရဲ့ သဘောတရား ကို သေသေချာချာ နားမလည်ရင် Structural ဒီဇိုင်းလုပ်နိုင်ဘို့ မဖြစ်နိုင်ပါဘူး။
Structural Design မှာ Continuous Load Path မရှိမဖြစ် လိုအပ်ပါတယ်။ နေ့တစ်ဓူဝ ဆန်းစစ်ရလေ့ ရှိတဲ့ အခြေခံ လိုအပ်ချက် တစ်ခုဖြစ်ပါတယ်။ Structure တစ်ခုပေါ်ကျလာတဲ့ Loads တွေ က ဒီ Structure တစ်လျှောက် မှာရှိတဲ့ Structural Elements အဆင့်ဆင့်ထမ်းပြီး နောက်ဆုံး ဖောင်ဒေးရှင်း ကနေ မြေကြီးထဲ ကို ဖြန့်ပို့ပေးရပါတယ်။ ဒီလို ပို့နိုင်ဘို့ Continuous Load Path လမ်းကြောင်းတစ်ခု လိုအပ်သလို လမ်းကြောင်းတစ်လျှောက် က member တစ်ခု ချင်းစီမှာ လည်း လုံလောက်တဲ့ ခံနိုင်ရည် (sufficient strength and stiffness) ရှိဘို့ လိုအပ်ပါတယ်။ Gravity Loads တွေ အတွက်ရော၊ Lateral Loads တွေ အတွက်ပါ အပြတ်အဟ မရှိ တဲ့ Uninterrupted Load Path လမ်းကြောင်းတစ်ခု ကို သတ်သတ်မှတ်မှတ် ဖော်ဆောင်ပေးနိုင်ဘို့ အင်မတန် အရေးကြီးပါတယ်။
Load Paths တွေ တစ်လျှောက် ဝန်အားခံနိုင်ရည် တွေ ကို အစ-အဆုံး မြေကြီးဒုတ်ဒုတ်ထိ All the way to the ground လိုက်စစ်နိုင်ဘို့ လိုအပ်ပါတယ်။ Weak Links တွေ ကိုဆန်းစစ်ပြီး ခံနိုင်ရည် အပြည့်ဖြစ်အောင် ဒီဇိုင်း လုပ်ပေးရပါတယ်။ ဒီအချက် က ဆောက်လုပ်ဆဲအဆင့်၊ ဆောက်လုပ်ပြီး အဆင့်၊ သုံးစွဲတဲ့ အဆင့် ဘယ်အခြေအနေ မှာ မဆို အရေးကြီးပါတယ်။
Gravity Load Path နမူနာ အနေနဲ့ ကြည့်ရင်…
1. Slab/Roof >>> Beams >>> Load Bearing Walls >>> Footings
2. Slab/Roof >>> Beams >>> Columns & Load Bearing Walls >>> Footings
3. Slab/Roof >>> Beams >>> Girders >>> Columns >>> Footings
4. Slab/Roof >>> Beams >>> Column >>> Transfer Beam >>> Columns >>> Footings
ဒီသဘောတရားအတိုင်း ပဲ Lateral Loads အတွက် Lateral Force Resisting Sytems (LFRS) တွေ ကို လည်း ဆန်းစစ်ရပါလိမ့်မယ်။ လေအတွက် Main Wind Force Resisting System (MWFRS)၊ ငလျင်အတွက် Seismic Force-Resisting System (SFRS) လို့ ခေါ်ကြပါတယ်။ ပါဝင်တဲ့ Bearing Wall System, Building Frame System, Moment-Resisting Frame System, Dual System, Cantilever Column System, Diaphragm, Collectors တွေ မှာ ဘယ်ကနေ ဘယ်လို ပို့ပေးအောင် ဒီဇိုင်းလုပ်ရမလဲ နားလည်နေဘို့ လိုအပ်ပါတယ်။
ဒီသဘောတရား တွေ ကို ပို့ချထားတဲ့ AISC Webinar နှစ်ခု ကို ညွှန်းလိုက်ပါတယ်။
Handouts တွေ ကို အရင်ယူပြီး လေ့လာသင်ယူနိုင်ပါတယ်။ Steel Structures တွေ ကို ရည်ညွှန်းတယ် ဆိုပေမဲ့ အခြေခံ သဘောတရား ကို စနစ်တကျ ရှင်းပြထားတာ မို့ စိတ်ဝင်စားရင် လေ့လာနိုင်ပါတယ်။ (Note: PDH အတွက် မဟုတ်ပါ။ Quiz ဖြေစရာမလို အခမဲ့ ဖြစ်ပါတယ်။) AISC က Steel Conference NASCC ကို နှစ်စဉ် ကျင်းပလေ့ ရှိပေမဲ့ ဒီနှစ်အတွက် ခုဖြစ်နေတဲ့ ကိုဗစ်-19 ကပ်ဘေးကြောင့် April မှာစီစဉ်ထားတဲ့ 2020 NASCC ကို ဖျက်သိမ်းလိုက်ကြောင်း အကြောင်းကြားပါတယ်။ ခါတိုင်းနှစ်တွေ လို Steel Day လာမလာတော့ စောင့်ကြည့်ရပါအုံးမယ်။
Engineering Notes
AISC Webinars:
1). Load Paths! The Most Common Source of Engineering Errors
.
(Video) https://youtu.be/1jaHSQhGUgA
.
.
2). Seismic Load Paths for Steel Buildings
.
(Video) https://youtu.be/vFvN6JwYADc
.
.
3). Load Paths--There is Not Always a Yellow Brick Road [E10a] 3/24/2017
.

0 Comments