အဆောက်အဦ ကုဒ် (Building Code) တွေ မှာပါတဲ့ အဓိက အချက်တွေ က အရေးပေါ် (ဥပမာ၊ မီး၊ ငလျင်) အခြေအနေ တွေ မှာ သုံးဘို့ အတွက် Structural Integrity ရှိရမယ်။ ဘေးကင်းကင်း ဆင်းနိုင်၊ တက်နိုင်ရမယ်။
Staircase တွေ က Structural Integrity / Life-Safety အပိုင်း မှာ အဓိက အစိတ်အပိုင်း တစ်ခု ပါ။ အထူးသဖြင့် အထပ်မြင့်တွေ မှာ ပိုအရေးကြီးပါတယ်။ လူတွေ ဘေးကင်းကင်း ဆင်းနိုင်ဘို့ ရော မီးသတ်သမား တွေ ဘေးကင်းကင်း တက်နိုင်၊ ဆင်းနိုင်ဘို့ ရော မို့ မီးဒါဏ် ခံအောင် အဆောက်အဦဘက် နံရံတွေ က Fire Resistant အများဆုံး ဖြစ်လေ့ရှိပါတယ်။
အပူရော၊ မီးခိုးပါ မဝင်လာအောင် စီမံရပါတယ်။ မီးခံ နံရံ (Fire Rated Walls)၊ မီးခံတံခါး (Fire Rated Doors) တွေ လိုအပ်တဲ့ အပြင် မီးခိုး မဝင်အောင် Pressurization လုပ်ပေးရတာ ရှိသလို၊ ဒီလို လုပ်တဲ့ အတွက် အလိုအလျောက်ပိတ်တဲ့ အားပါရှိနေတဲ့ မီးခံ တံခါးတွေ ဖွင့်တဲ့ အခါ အခက်အခဲ မရှိအောင် လည်း ဒီဇိုင်း လုပ်ပေးရတာ မို့ သိမ်မွေ့ပါတယ်။
ငလျင် အရေးပေါ် အခြေအနေ မှာ လည်း ငလျင်ဒါဏ်ကြောင့် လှေကား မပျက်စီးဘို့၊ လူတွေ ဘေးကင်းကင်း အောက်ကို ဆင်းနိုင်ဘို့ လှေကားခွင် အတွင်းမှာ ပြိုတာ၊ ပျက်တာ၊ ပဲ့ကျတာတွေ မဖြစ်ဘို့ လည်း လိုအပ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ လို ငလျင်ကြောရှိတဲ့၊ နောက် ငလျင်အားလည်း ပြင်းနိုင်တဲ့ ဒေသတွေ မှာ မီးအရေးပေါ် အခြေအနေ တင် မက Seismic အရေးပေါ် အခြေအနေ မှာ လူတွေ ဘေးကင်းကင်း ဆင်းနိုင်ဘို့ လိုအပ်ပါတယ်။
ဒီ ပို့စ်မှာ တော့ အတက်အဆင်း အတွက် လိုအပ်ချက် တွေ ကို အရင် မိတ်ဆက်ပေးမှာပါ။
အခြေခံ လိုအပ်ချက် တွေ က အဆင်ပြေပြေ၊ အထစ်အငေါ့ မရှိ၊ စိတ်မပင်ပန်း ပဲ တက်လို့ ဆင်းလို့ရရမယ်။ ခြေချဘို့ လုံလောက်ရမယ်။ အတက်က ပြေရမယ်။ အထစ်တွေ၊ ခြေနင်းပြားတွေ က အရွယ်အစား ဟာမိုနီ ညီရမယ် (နိမ့်လိုက်၊ မြင့်လိုက် လုပ်လို့ မရဘူး)။ တော်ရုံ ခြေမချော် စေရဘူး။ မတော်လို့ ခြေချော်ကျခဲ့ရင် တောင်မှ အောက်မှာထိန်းခံ ပေးမဲ့ Landing ခံပေးဘို့ အတွက် Flight တစ်ဆင့်နဲ့ တစ်ဆင့်ကြား အရမ်းမမြင့်ရဘူး။ ပုံမှန် အတက်အဆင်း လုပ်တဲ့ အခါ ခေါင်းမထိအောင် လည်း လွတ်ရမယ်။
ဒီလိုအပ်ချက် တွေ ကို ဖြည့်စီးပေးဘို့ အင်ဂျင်နီယာ (သို့) အာခီတက်ခ် တစ်ယောက် အတွက်ဆို မဖြစ်မနေ လိုက်နာရမှာ က Building Code ဖြစ်ပါတယ်။
အရေးပေါ် အခြေအနေ မှာ အန္တရာယ် ကင်းကင်း တက်နိုင်ဆင်းနိုင်ဘို့ သတ်မှတ်ချက်တွေ ရှိတယ်။ အနည်းဆုံးထားရမယ့် အကျယ်ရှိတယ်။ ဒါကို ဘယ်လိုတွက်ရမယ် ဆိုတာ ကိုလည်း ကုဒ်တွေ မှာ စနစ်တကျ သတ်မှတ်ထားကြတယ်။ လုံလောက်တဲ့ အလင်းရောင် လည်း ပေးနိုင်ရပါမယ်။
အများသုံး လှေကားလမ်းခွင် Stairway ရဲ့ အနည်းဆုံး ရှိရမဲ့ အကျယ် က 44 လက်မပါ။ (IBC 1011.2)။
Accessible Means of Egress ဆိုရင် အနည်းဆုံး Clear Width 48” (1219mm) လိုအပ်ပါတယ်။ (IBC #1007.3)
ချွင်းချက် အနေနဲ့ သုံးမဲ့သူ အရေအတွက် ၅၀ အောက်ဆိုရင် 36 လက်မ အနည်းဆုံး ထားခွင့်ရှိပါတယ်။ လူအင်အား အရေအတွက် Occupant Load နဲ့ တွက်ပြီး လိုအပ်ရင် အကျယ် ကို ပိုချဲ့ပေးရနိုင်ပါတယ်။ (IBC 1011)
လူနေအိမ်၊ အိမ်ခန်း၊တိုက်ခန်း အတွင်း မှာ ဆိုရင် လည်း 36 လက်မ အနည်းဆုံးပါပဲ။ လက်ကိုင်တန်း ရဲ့ အောက်မှာ တော့ အနည်းဆုံး Clear Width 31.5 လက်မ ရှိရပါမယ်။ (IRC R311.7)/
Landing လိုအပ်ချက် တွေ လည်း သက်ဆိုင်ရာ ကုဒ်တွေ မှာ သတ်သတ်မှတ်မှတ် ပြဌာန်းထားတာ ရှိပါတယ်။
ပြဌာန်းဘို့ တိုင်ပတ်နေတဲ့ MNBC ကုဒ်ထဲက 2.5.7.1 Stairs မှာ ဒီလိုအပ်ချက်တွေ ပါတယ်။
.
နောက် IBC မှာရော Singapore SCDF Manual မှာရှိတဲ့ အချက်တွေ နဲ့ နှိုင်းယှဉ်ကြည့်ရအောင်။
Riser (အကျော်) Tread (အနင်းပြား)
အဆင်ပြေပြေ၊ အထစ်အငေါ့ မရှိ၊ စိတ်မပင်ပန်း ပဲ တက်လို့ ဆင်းလို့ရရမယ်။ တော်ရုံ ခြေမချော်ရဘူး။ ခြေချဘို့ လုံလောက်ရမယ်။ အတက်က ပြေရမယ်။ အထစ်တွေ က ဟာမိုနီ ညီနေရမယ်။ လှေကားထစ် တစ်ခု နဲ့ တစ်ခု ကြား အမြင့်ညီရမယ်။ ခြေနင်းပြားလည်း ညီရမယ်။ ဒီအတွက် Tolerance သတ်မှတ်ချက် တွေ လည်း ရှိပါတယ်။ 7 လက်မ စီ အညီ ယူလာတာမို့ နောက်ဆုံး အထစ် မှာ 6 လက်မ လုပ်လို့ မရပါဘူး။ အားလုံးမျှပြီး အကျော်တူအောင် လုပ်ရပါမယ် ဒီအချက် နဲ့ ညိပါတယ်။
MNBC 2.5.7.1.2 Stair ratios မှာ
အိမ်သုံးအတွက် ဆို Riser < 8 inches, Tread > 10 inches.
အများပြည်သူ ဆိုင်ရာ အဆောက်အဦ တွေ ဆိုရင် Riser < 7 inches, Tread > 10 inches. လို့ပါတယ်။
အတက်ညီဘို့ အတွက် Riser Tolerance < 3/16 in လို့ပါတယ်။
Landing: အိမ်သုံးမှာ ၁၂ ထစ်ထက် မပိုရ၊ အခြား အဆောက်အဦ တွေ မှာ ၁၆ ထစ်ထက် မပိုရလို့ ပါတယ်။
ယူအက်စ် IBC-2015 Sec 1011အရ ဆိုရင် တော့
အများသုံး၊ အတက် ၇ လက်မထက် မပိုရ၊ နင်းပြား (အလွတ်) အနည်းဆုံး ၁၁ လက်မ။
အိမ်သုံး၊ အတက် ၇-၃/၄” (၈ မတ်တင်း) တက် မပိုရ၊ နင်းပြား (အလွတ်) အနည်းဆုံး ၁၀ လက်မ လို့ ပါတယ်။ (IRC Code)
ခေါင်း မခိုက်မိစေဘို့ Headroom ၆ ပေ ဂ လက်မ အနည်းဆုံး လွတ်ရမယ် လို့ ပါတယ်။
အကျခံသာစေဘို့ တစ်ဆင့်ချင်းရဲ့ အမြင့် ၁၂ ပေ မကျော်ရဘူး လို့ သတ်မှတ်တယ်။
တော်ရုံ ချော်မကျ အောင် အားပြုနိုင်ဘို့ လက်ရမ်းတွေ ကို လည်း ကုဒ်နဲ့ ညီအောင် ဂရုစိုက်ရပါတယ်။
ဒါအပြင် လှေကားတွေ မှာ တော်ရုံ မချော်အောင် အနားသတ်ပေးတာ၊ အကျ သက်သာအောင် Landing တွေမှာ ကော်ဇော ကပ်ထားတာ လေ့ရှိပါတယ်။ (အိမ်တွေ မှာတော့ လှေကားတစ်ခု လုံးကော်ဇော ကပ်လေ့ရှိပါတယ်။)
Singapore SCDF က Fire Code-2018 (Means of Egress) မှာ အများပြည်သူ ဆိုင်ရာ ဆိုရင် 175mm Riser (~ ၇ လက်မ အကျော်၊ 11” (275 mm) Tread (၁၁ လက်မ နင်းပြား အလွတ်) လို့ တွေ့ရမယ်။ (Ref: SG SCDF Fire Code-2018 #2.3.3 Exist Staircase )
အများပြည်သူ နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ စက်ရုံကြီးတွေ က အလုပ်သမား သုံး လှေကား အချို့ အတွက် ကို တော့ OSHA သတ်မှတ်ချက် ကို လိုက်နာရပါတယ်။
Engineering Notes
Egress Stairs / Stairways (2) - Seismic Detailing
.
References:
1). IBC-2018 Sec 1011 Stairways
.
2). IRC-2018 Sec R311.7 Stairways
.
3). MNBC-2016
4). SCDF Fire Code - 2018
.
5) ADA Standards for Accessible Design, 504 Stairways









0 Comments