တံတားတွေပေါ် မှာ စစ်သားတွေဖြတ်လျှောက်တဲ့အခါ စစ်ရေးပြလျှောက်သလို ဘာကြောင့်မလျှောက်သင့်တာလဲ။
အထပ် ၃၀၊၄၀ မြင့်တဲ့အဆောက်အဦးတွေဟာ ၁ ထပ်၊၂ ထပ်စတဲ့ အထပ်နိမ့်အဆောက်အဦးတွေထက် ငလျင်ဒဏ်ကြောင့် ပျက်ဆီးနိုင်ချေ နည်းပါးတယ်ဆိုတာ ဟုတ်သလား။
ဒီမေးခွန်းတွေရဲ့အဖြေက Resonance နဲ့ဆိုင်ပါတယ်။ ကမ္ဘာလောကမှာရှိရှိသမျှ သက်ရှိသက်မဲ့တွေမှာ သူတို့ရဲ့ကိုယ်ပိုင် Frequency ဆိုတာရှိပါတယ်။ ပြင်ပကသက်ရောက်လိုက်တဲ့အားတစ်ခုရဲ့ Frequency နဲ့ အားသက်ရောက်ခံရတဲ့ အဆောက်အဦး (သို့မဟုတ်) အရာဝတ္ထု (သို့မဟုတ်) သက်ရှိတစ်ဦးဦးရဲ့ ကိုယ်ပိုင် Frequency ဟာ တူညီသွားခဲ့မယ်ဆိုရင် အဆိုပါ အဆောက်အဦး၊အရာဝတ္ထု၊လူဟာ အမြင့်ဆုံးအရှိန်နဲ့ ယိမ်းထိုးလှုပ်ခါလာပါတယ် (Oscillate) ။ အဲဒါကို resonance (ကြိမ်နှုန်းထပ်တူကျခြင်း) လို့ခေါ်ပါတယ်။
အကယ်၍ အပြင်ကသက်ရောက်အားကိုလျော့ချလိုက်မယ်၊ ဖယ်ရှားလိုက်မယ်ဆိုရင်တော့ ဒီလိုလှုပ်ခါမှုဟာ အချိန်တစ်ခုအကြာမှာ တဖြေးဖြေးချင်း နည်းပါးပျောက်ကွယ်သွားပါလိမ့်မယ်။ကြီးမားတဲ့ အဆောက်အဦးတွေမှာ အဲဒီလိုယိမ်းထိုးလှုပ်ခါမှုဟာ သက်ရောက်အားကလျော့နည်းပပျောက်သွားတဲ့အခါမှာ တဖြေးဖြေးချင်း ငြိမ်သက်သွားပါတယ်။
Oscillation လို့ပြောပေမယ့် အချို့အရာဝတ္ထုတွေမှာအဲဒါက အရမ်းကြီးမသိသာပါဘူး။ ဥပမာပြောမယ်ဆိုရင် ဖန်ခွက်တစ်ခွက်ဖြစ်ပါတယ်။ ဖန်ခွက်တစ်ခုအနားမှာ မိုက်တစ်လုံးနဲ့လူတစ်ယောက်က အသံကျယ်ကျယ်နဲ့ဆွဲဆွဲငင်ငင် သီချင်းဆိုမယ်ဆိုပါတော့။ အဲဒီအသံလှိုင်းကထွက်လာတဲ့ frequency ဟာ ဖန်ခွက်ရဲ့ frequency နဲ့ ထပ်တူကျသွားတဲ့အချိန်မှာ ဖန်ခွက်ဟာတုန်ခါလာပါလိမ့်မယ်။ တိုတောင်းတဲ့အချိန်အတွင်းမှာ ဖန်ခွက်က ကွဲသွားပါလိမ့်မယ်။
နောက်ထပ်ဥပမာတစ်ခုက ဒန်းစီးတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ဒန်းပေါ်မှာထိုင်မယ်။ ခြေထောက်အားကိုသုံးပြီးဒန်းကိုလွှဲမယ်။ မြန်မြန်လွှဲရင်ပဲဖြစ်ဖြစ်၊အရမ်းနှေးနှေးလွှဲရင်ပဲဖြစ်ဖြစ် ဒန်းကမသွားပါ။ ဒါပေမယ့် အချိန်အဆမှန်မှန်နဲ့ လွှဲလိုက်မယ်ဆိုရင် ဒန်းဟာ တော်တော်နဲ့မရပ်ပဲ တဆက်တည်းလွှဲပြီးရင်းလွှဲနေပါလိမ့်မယ်။ အဲဒါက ဒန်းရဲ့ Frequency နဲ့ ခြေထောက်ကသက်ရောက်လိုက်တဲ့ Frequency တူသွားလို့ပါပဲ။
၁၈ရာစုနှစ်မှာ ကြိုးတံတားတွေစတင်ခေတ်စားလာပါတယ်။အဲဒီအချိန်က သိပ်တော်တယ်လို့ နာမည်ကြီးတဲ့ဆရာကြီးတွေကလွဲလို့ ကြိုးတံတားကို နေရာတိုင်းမှာလုပ်ခွင့်မပေးပါဘူး။ အင်္ဂလန်က Broughton Bridge ဟာ ကြိုးတံတားတစ်ခုဖြစ်ပါတယ်။ တစ်ရက်မှာစစ်သားတွေဟာအပြေးလေ့ကျင့်ပါတယ်။ စစ်သားအယောက်လေးဆယ်ဟာ တံတားပေါ်မှာ ဖြတ်ပြေးသွားရင်း ကျန်တစ်ဘက်ကို ရောက်ခါနီးနေပါပြီ။နောက်မှာကျန်ခဲ့တဲ့ စစ်သားလေးယောက်ဟာ စစ်ချီသလို ညီညီညာညာ ပြေးလာတဲ့အခါ တံတားဟာ ယိမ်းထိုးလာတာကို သူတို့ခံစားလာရပါတယ်။ ဒါနဲ့အံ့သြသွားပြီး သူတို့လေးယောက်က အရင်ကထက်ပိုပြီး အားပြင်းပြင်းနဲ့ ညီညီညာညာ ပြေးတဲ့အခါ တံတားက (နဂိုထဲက တ့ပိုင်းတစကျွတ်ထွက်နေတဲ့) မူလီတစ်ခုလုံးဝထွက်လာပြီး တိုင်တစ်လုံးလဲလာလို့ တံတားက ကျိုးသွားပြီး စစ်သား ၄၀ စလုံး ရေထဲကိုကျသွားပါတယ်။ ရေက ၂ ပေပဲရှိလို့ အသေအပျောက်မရှိခဲ့ပေမယ့် ပြင်းပြင်းထန်ထန်ဒဏ်ရာရကြပါတယ်။ ဒါက resonance ကြောင့်ဖြစ်တာလို့ ပြောလို့ရပါတယ်။ မူလီကနဂိုထဲက ကျွတ်ချင်ချင်ဖြစ်နေတာလဲ ပါတာပေါ့။
ပြင်သစ်က Angers Bridge Case မှာတော့ စစ်သား ၂၂၆ ယောက်သေဆုံးခဲ့ပါတယ်။
အသေးစိတ်ကို အင်တာနက်မှာရှာကြည့်ပါ။ Tacoma Narrow Bridge ပြိုကြရာမှာ အလယ်ပိုင်းက decking oscillation ဟာ resonance အတွက် နမူနာကောင်းတစ်ခုပဲဖြစ်ပါတယ်။
အောက်က ဗီဒီယိုလင့်မှာ ကြည့်ရှုနိုင်ပါတယ်။
အဆောက်အဦးတစ်ထပ်ကို အကြမ်းဖျဉ်း 0.1 sec Natural Period ရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။ အထပ် ၃၀ အဆောက်အဦးတစ်ခုက ၃ sec Structural Period ရှိပြီး၊ ၁ ထပ်အဆောက်အဦးက ဝ.၁ sec Structural Period ရှိပါတယ်။ဒါကြောင့် အထပ်နိမ့်အဆောက်အဦးတွေဟာ High Frequency wave (Short and Frequent) ကြောင့်သာ အဓိကပျက်ဆီးနိုင်ချေရှိပြီး အထပ်မြင့်အဆောက်အဦးတွေဟာ low frequency wave ကြောင့် ပျက်ဆီးနိုင်ချေပိုများတယ်လို့ ပြောဆိုနိုင်ပါတယ်။
Amplitude ဆိုတာ physics,mathematics term ဖြစ်ပြီး engineering sense အရတော့ displacement ကိုဆိုလိုတာဖြစ်ပါတယ်။ ပုံမှာကြည့်ရင် angular velocity ratio= 1 ဆိုတာ resonance အခြေနေမှာရောက်နေတာကိုပြောတာပါ။
အပေါ်မှာပြောထားခဲ့တဲ့ ဥပမာတွေကို အောက်က ဗီဒီယိုလင့်မှာ တစုတဝေးတည်းကြည့်နိုင်ပါတယ်။






0 Comments