BIM ဆိုတာကျနော်တို့နိုင်ငံမှာခေတ်စားတာ မကြာသေးပါဖူး ။ စင်ကာပူမှာတော့ အတော်ကျယ်ကျယ်ပြန့်ပြန့်သုံးနေပြီ။ ပုံမှန် Traditional Process တွေထက် အားသာချက်အများကြီးရှိတော့ ပြောင်းလာကြတာလဲ မဆန်းပါဖူး။
အဲ့တော့ BIM အကြောင်းလေးကို ကျနော်သိသလောက်လေးပြောပါဦးမယ် ။ BIM ဆိုတာက Building Information Modelling ကိုအတိုကောက်လေးရေးထားတာပါ ။ အပေါ်မှာတင် အဖြေကတစ်၀က်လောက်ပါနေပြီ ။ BIM ဆိုတာ Process တစ်ခုပါဗျ။
BIM Process ကိုမပြောချင် Traditional Process ကိုအရင်မြင်အောင်ပြောရမယ်ဗျ ။ ဆိုပါစို့ အဆောက်အဦးတစ်ခုဆောက်မယ်ပေါ့ဗျာ ။ အရင်ဆုံး Client နဲ့ Architect ကတိုင်ပင်ပြီး Architecture Drawing ကို Autocad နဲ့ဆွဲပြီး Structure Engineer ဆီပို့လိုက်သဗျ ။ အဲ့မှာ Structure Engineer က Analysis & Design software တစ်ခုခုကိုသုံးပြီး အဲ့အဆောက်အဦးကို ကိုယ့်ဘာသာ Software ထဲ Modelling လုပ် ၊ Load တင် ၊ Analysis and design လုပ်ပြီး Structure Drawing ကို Autocad ဆွဲပြီး Archi ရယ် ဆောက်လုပ်ရေးလုပ်မယ် Construction Team ၇ယ်ကိုပေးသဗျ ။ အဲ့မှာ Archi ကအရင်မှန်းထားတဲ့ Structure Member Size တွေက အခုမှအမှန်ထွက်တော့ လိုအပ်တာတွေပြန်ပြင်တာတို့ ၊ လိုအပ်ရင် Revised Design လုပ်ရတာတို့လုပ်လို့ရသဗျ ။ M&E လုပ်တဲ့ Designer ကလည်း Archi ပုံနဲ့ Structure ပုံကိုယူပြီး Design ဆွဲမယ်စသည်ပေ့ါဗျာ ။ ပြီးရင် QS တွေကကုန်ကျစရိတ် ၊ Management တွေက အချိန်၊ Supply chain ၊ Financial Management လုပ်ပေါ့ ။ ဒါက Traditional Process အတိုချုပ်လေး ။မြင်သာအောင်ရေးလိုက်တာ ။ အောက်မှာ Process ပုံလေးထည့်ပေးထားပါတယ် ။(Credit to Autodesk )
Traditional မှာအားနည်းချက်တွေရှိတယ်ဗျ ။ဥပမာဗျာ Architect ကပေးတဲ့ပုံကို ကျနော်တို့ Structure သမားက ပြန်ပြီး Modelling လုပ်ရတော့ အချိန်ပေးရတယ် ။ Human Error ရှိနိုင်တယ် ။ Archi ကပြောင်းတာကို update information မရရင် ကျနော်တို့ကနဂို Design လုပ်ထားတဲ့အတိုင်းပေးမိရင် မှားနိုင်တာပေါ့ ။ နောက်တစ်ခါ Analysis & Design software ထဲကနေ Structure Drawing & Detailing ဆွဲတဲ့အခါမှာလည်းမှားနိုင်တာပေါ့ ။ အဲ့ဒါကသင်ခန်းစာကောင်းကောင်းရပြီးပြီ ။ Structure Design ကိုဘယ်လိုလန်ပျံနေအောင်လုပ်ထားလုပ်ထား Structure Drawing နဲ့ Detailing မှာ မှားဆွဲမိရင် ငါးပါးမဟုတ်ဖူး ဆယ်ပါးပါမှောက်နိုင်သဗျ ။ အဲ့တော့ Structure Drawing တွေ အကြိမ်ကြိမ်စစ်ရ အချိန်တွေကုန်ပေါ့ ။ QS ဆိုလဲ Structure Drawing ၊ Archi Drawing ကိုကိုင်ပြီးတွက် ။ တစ်ခါတစ်လေ Structure & Archi မှာကွဲလွဲမှုတွေနဲ့ဆိုတော့ အချိန်ကုန် ၊ လူပင်ပန်း ။
အားလုံးအဆင်ပြေတာလေးတော့ မရှိဖူးထင်တယ်နော် ။
ရှိပါသကောဗျာ ။ BIM Process ကိုသာသုံးရင် ခုနကရေးထားတဲ့ပြသနာတွေ အတော်နည်းသွားမယ်ဗျ ။ သူက အားလုံးဟာ Platform တစ်ခုပေါ်မှာ အလုပ်လုပ်နေတာဖြစ်တဲ့အတွက် အတော်အဆင်ပြေသွားမယ် ။ ဆိုပါစို့ Architect က Revit Archi နဲ့ဆွဲပြီးသား File ကို File interchange Format နဲ့ ကျနော်တို့ ETABS ထဲကိုထည့်လိုက်ရင် ကျနော် Modelling လုပ်ရတာသက်သာသွားပြီး ။ အမှားလဲမရှိတော့ ။ အဲ့ကနေမှ Steel Structure လိုဆိုရင် ETABS ကနေ Steel Detailing ဆွဲဖို့ Ifc format file လေးနဲ့ပို့လိုက်ရင် Tekla မှာ Modelling လုပ်ပြီးထွက်လာပြီ ကျနော့ဆီက နောက်ဆုံးအဆင်ပြေတဲ့ Structure Member size တွေနဲ့ ။ ဒါကိုမှာ QS တွက်ချင်တယ် ။ Management အတွက်လုပ်ချင်တယ် ။ အားလုံးအဆင်ပြေတယ် ။ Online သာချိတ်ထားမယ်ဆို တစ်ယောက်ယောက်က Revise လုပ်တာနဲ့ကျန်တဲ့သူအားလုံးသိတယ်။
ဆိုတာက ETABS ဟာ BIM Process ကြီးထဲက Software တစ်ခုဖြစ်တဲ့အတွက် ETABS နဲ့ Design လုပ်တဲ့ Structure Engineer ဟာ BIM Process ကြီးအတွက် Ready ပါပဲ။ ဘာပဲဖြစ်ဖြစ် BIM ရေစီးကြောင်းကြီးမှာ ETABS ဆိုတဲ့ လှေလေးနဲ့လိုက်ပါ စီးမျောလိုက်ကြစို့ဗျာ။


0 Comments