စာအုပ်အကျဉ်း
ပြည်ထောင်စု မြန်မာနိုင်ငံတော်သည်ဆိုင်ကလုန်း၊ မြေငလျင်၊ ရေလွှမ်းခံရခြင်း၊ မီးလောင်ခြင်းစသော သဘာဝဘေးအန္တရာယ် မျိုးစုံကို ရင်ဆိုင်နေရသည်။ မကြာခဏ သဘာဝဘေးဒဏ်များကိုခံစားနေရသည်။ အများသတိရဆဲ လတ်တလော ဖြစ်ပျက်ခဲ့သော သဘာဝဘေးအချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၂၀၀၈)ခုနှစ်တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းနာဂစ်သည် လူပေါင်း ၈၄၅၃၇ဦး ကို သေဆုံးစေပြီး၊ လူပေါင်း ၅၃၈၃၆ဦး ပျောက်ဆုံး၍ အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံခန့် တန်ဖိုးရှိသောအိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံး စေခဲ့ပါသည်။
(၂၀၀၆)ခုနှစ်တွင် တိုက်ခတ်ခဲ့သော မာလာဆိုင်ကလုန်းသည် လူပေါင်း ၃၇ဦး ကိုအသက်ဆုံးရှုံးစေခဲ့ပြီး (၂၀၀၄)ခုနှစ်တွင် တိုက်ခတ်ခဲ့သော ဆူနာမီသည် လူပေါင်း ၆၁ဦး ကိုအသက်ဆုံးရှုံးစေခဲ့ပါ သည်။ (၂၀၀၃)ခုနှစ်တွင်တိုက်ခတ်ခဲ့သော တောင်တွင်းကြီးငလျင်သည်လူပေါင်း ၇ဦး ကို အသက်ဆုံးရှုံးစေခဲ့ ပါသည်။
မီးဘေးသည် မြန်မာနိုင်ငံတွင်အမြဲရင်ဆိုင် ကြုံတွေ့နေရသော ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး နိုင်ငံတွင်းကြုံတွေ့သော ဘေးအန္တရာယ်များ၏ ၇၁ ရာခိုင်နှုန်းသည်မီးဘေးဖြစ်သည်။ မုန်တိုင်းနှင့် ရေဘေးသည်၁၁ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း အသီးသီးရှိပြီး၊ ငလျင်၊ မြေပြိုမှုစသော ဘေးအန္တရာယ်များသည် ၈ ရာခိုင်နှုန်း ဖြစ်သည်...
စာအုပ်အသေးစိတ်
| Title | မြန်မာနိုင်ငံ၏ သဘာ၀ဘေးများအကြောင်း |
| Author | အာရှဒေသ သဘာ၀ဘေး ကြိုတင်ပြင်ရေးဌာန |
| Language | မြန်မာဘာသာ |
| Publishing Date | ဇွန် ၂၀၁၀ |
| Size | 5.4 MB |
0 Comments