စာအုပ်အကျဉ်း
Quantity Surveyor တဲ့...။ မြန်မာလို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင် အရည်အတွက်ကို တိုင်းတာ သူပေါ့လေ။ ထားပါ။ QS ဆိုတာကို QS လို့ပဲ ဒီနေရာမှာ မှတ်ထားကြပါစို့။ အဲ့ဒီ QS ဆိုတဲ့ စကားလုံးက မြန်မာပြည်မှာတော့ အသုံးတော်တော်နည်းပါတယ်။ တခြားသော နိုင်ငံတွေမှာတော့ ဘယ်လောက်အတိုင်း အတာအထိ နေရာယူသလဲ မသိပေမယ့် စကာင်္ပူဆောက်လုပ်ရေးနယ်ပယ်မှာတော့ တော်တော်လေး နေရာယူတဲ့ စကားလုံးတစ်ခုပါ။
ဘာလို့နေရာယူတာလဲ၊ ဘာတေလွုပ်ရတဲ့ ပညာရပ်မိုလို့လလဲို့ စိတ်၀င်စားသူတွေအတွက် ဆက်ပြောပြပါမယ်။ ဆရာကျလွန်းလို့တော့ မဟုတ်ဖူးပေါ့လေ။ ကျွန်မရဲ့ ပြည်တငွ်းမှာရော စင်္ကာပူမှာပါ တွေ့ကြုံဖြတ်သန်းခဲ့တဲ့ QS လုပ်သက် ၅နှစ်ကျော်ကို အခြေခံပြီးတော့ သိခဲ့သလောက်၊ မှတ်ခဲ့သလောက် ပြန်လည်လက်ဆင့်ကမ်းတဲ့ သဘောပါပဲ။ Quantity Surveying ဆိုတာ မြန်မာနိုင်ငံရဲ့ ဘယ်တက္ကသိုလ်မှာမှ အထူးပြုဘာသာရပ်အဖြစ် ပြဌာန်း သင်ကြားတာမျိုး မရှိပါဘူး။ မြန်မာပြည်လုပ်ငန်းခွင်မှာလည်း အထူးတလည် နေရာပေးထားခြင်းမျိုးမရှိပါဘူး။ လုပ်ငန်းကြီးတွေမှာသာ QS Section ဆိုပြီး ဌာနခွအဲသေးစားမျိုး ထားတတ်ပါတယ်။
စကာင်္ပူမှာတော့ ကျယ်ပြန့်ပါတယ်။ B.Sc ( Quantity Surveying ), Diploma in Contract Management ဆိုပြီးတော့လည်း ဘွဲ့တစ်ခုအနေနဲ့ပေးပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်ကနေ အလုပ်လာရှာတဲ့ မြို့ပြအင်ဂျင်နီယာ တစ်ယောက် စင်္ကာပူကို ရောက်တဲ့အခါ သတင်းစာမှာ Quantity Surveyor ဆိုတဲ့ အလုပ်ကြော်ငြာတွေ အများကြီးတွေ့ပါလိမ့်မယ်။ ဘာတွေလုပ်ရတာလဲ ဆိုပြီးတော့လည်း မေးခွန်းတွေ ရှိလာပါတယ်...
စာအုပ်အကျဉ်း
စာအုပ်အသေးစိတ်
Title
ဘာလဲ QS
Author
Green Girl ( လဲ့လဲ့ဝင်း )
Language
မြန်မာဘာသာ
Size
230 KB
Download ရယူရန်
Download Here
စာအုပ်အသေးစိတ်
0 Comments