ဒီ Test Method က NDT (Nondestructive Test) ပါ။ သူစမ်းလိုက်လို့ Concrete ကဘာမှဖြစ်မသွားဘူးလို့ဆိုလိုတာပါ။ သို့သော် Field မှာ လူနဲ့စမ်းရတာမို့ Error ပါနိုုင်ပါတယ်။ ထွက်လာမယ့် Result က "ခြောက်ပစ်ကင်းသဲလဲစင်" မျိုးမဟုတ်နိုင်တာပါ။ ဒါကြောင့်ဒီ Result တစ်ခုထဲနဲ့တော့ ကွန်ကရိကို တခုခုဆုံးဖြတ်ချက်ချပြစ်ဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် ကွန်ကရိရဲ့ Strength ကိုခန့်မှန်းရာမှာ လွယ်ကူသက်သာတဲ့နည်းပါ။ အချုပ်ပြောရရင်လွယ်ကူပေမယ့် စနစ်တကျလုပ်ရမယ့် Test မျိုးပါ။
ဒါကြောင့် Junior များအတွက် စနစ်တကျလုပ်နိုင်ဘို့ Information လေးပေးလိုပါတယ်။ ကျနော်တို့ နယ်ဖက်မှာတော့ တော်တော်သုံးကြတဲ့ Test ပါ။
Summary
Hammer ကို ကွန်ကရိမျက်နှာပြင်ကိုထောက်ပီးဖိချပါတယ်။ Hammer ထဲမှာပါတဲ့ Steel Plunger က ကွန်ကရိမျက်နှာပြင်ကိုထိပီး နောက်ပြန်ကန်ပါမယ်။ (စက်ထဲမှာတင်ကန်မှာပြောတာပါ၊သေနတ်ပစ်သလို ကန်တာတော့ မဟုတ်ပါဘူး) အဲ့လိုကန်ပီးရင်သူ့မှာ Reading ပြပါမယ်။ အဲ့ Reading ကို Graph မှာသွားဖတ်ယုံပါပဲ။ ဖတ်လိုက်ရင် (အများအားဖြင့်) MPa ရပါတယ်။ အဲ့တာကို PSI ပြောင်းလိုက်ရင် ကွန်ကရိရဲ့ Fc' ကိုရပါမယ်။
ဒါလေးကို စနစ်တကျလုပ်နိုင်ရင်ရပါပီ။ ဘာနဲ့တူလည်းဆိုရင် ကျနော်တို့ ငယ်ငယ်က နောက်ကဖိရင် မှင်ဆံ ထွက်တဲ့ ဘောပင်လေးကိုဆော့တာ နဲ့တောင်တူပါတယ်။ အသေးစိတ်ဆက်ကြည့်ရအောင်ပါ။
Test Procedure
(1) Rebound စမ်းမယ့်မျက်နှာပြင်ဟာ ဆေးသုတ်ထားတာ၊ Plaster ကိုင်ထားတာ မဟုတ်ရပါဘူး။ လိုအပ်ပါက မစမ်းခင်ချောသွားအောင် (စက်ပုံးထဲမှာပါတဲ့) ကျောက်ကြမ်းနဲ့ပွတ်ရပါမယ်။
(2) Hammer ကို ကွန်ကရိမျက်နှာပြင်နဲ့ ထောင့်မှန်ကျကိုင်ရပါမယ်။ ကွန်ကရိမျက်နှာပြင်ကတော့ စောင်းချင်စောင်းမှာပါ။ ဒါပေမယ့် Hammer ကတော့မျက်နှာပြင်ကိုထောင့်မှန်ကျရမှာပါပဲ။
(3) Hammer ကိုမှန်မှန်လေးဖိချလိုက်ပါ။ (ကလစ်) ဆိုမြည်ရင်ရပါပီ။ ပီးရင် Hammer မှာပါတဲ့ ခလုပ်လေးကို Lock လုပ်လိုက်ပါ။ (Lock ပြန်ဖြုတ်ချင်ရင် ကွန်ကရိကို ပြန်ထောက်ပီး ပြန်လွှတ်လိုက်ရင်ရပါပီ)
(4) Hammer ကပြတဲ့ Reading ကို Graph မှာဖတ်ပါ။ (Graph က လိုက်ရှာနေစရာမလိုပါဘူး၊ Hammer ဝယ်တုန်းကပါပါတယ်။ Hammer အမျိုးစားမတူရင် ကြည့်ပုံလည်းနည်းနည်းလေးကွဲပါတယ်။ ပါတဲ့ အညွန်းအတိုင်းကြည့်ယုံပါပဲ၊ သိပ်မခက်ပါဘူး။ အောက်မှာပြထားတဲ့ Graph က Example ပါ)
သတိပြုရန်
Hammer ဖိလိုက်လို့ ကွန်ကရိမျက်နှာပြင် ခွက်ဝင်သွားတာ၊ အက်ကွဲသွားတာ စသည်တို့ဖြစ်ရင်၎င်း နေရာက Reading ကိုပယ်ရပါမယ်။
Computing Result
တစ်နေရာမှာ (10) Reading ဖတ်ရပါတယ်။ (၁) လက်မစီခြားပီး ဇယားကွက်လေးဆွဲပီးလုပ်နိုင်ရင်တော့ကောင်းပါမယ်။ အဲ့ထက်ပိုပီးကပ်နေလို့တော့ မရပါ။ ၎င်း တို့မှAverage Reading ကိုပြန်တွက်ရပါမယ်။ ပီးမှ Average Reading နဲ့ဇယားကြည့်ရပါမယ်။ တွက်နည်းကို ပိုစ့်အောက်က ဇယားပုံနေရာမှာရှင်းထားပါတယ်။ ပုံတွေကိုထောက်ကြည့်ပေးပါ။
Testing Video တွေကတော့ YouTube နဲ့ Facebook တို့မှာ ပေါပေါများများရှိတာမို့ ထည့်မပေးတော့ပါဘူး။ ASTM C805 ကိုတော့ကိုယ်တိုင် ဖတ်ကြည့်လို့ရအောင် Comment မှာ Download Link ပေးထားပါတယ်။ Rebound Hammer နဲ့ပတ်သတ်ပြီးအခု အခြေခံလေးကိုလေ့လာထားရင် လက်တွေ့မှာ ကြုံလာတဲ့အခါ အဆင်ပြေပြေလေးဆောင်ရွက်နိုင်မယ်လို့ ယူဆပါတယ်ခဗျာ။
KyawZinOo (Excelsior Myanmar)





0 Comments