Diaphragm Wall Construction

ဒီပို့စ်မှာ Deep excavation အတွက် မြေထိန်းနံရံတွေတည်ဆောက်တဲ့ နည်းလမ်းများထဲက တစ်ခုဖြစ်တဲ့ Diaphragm Wall Construction အကြောင်းကို ရေးသားမှာ ဖြစ်ပါတယ်။


(၁) Diaphragm Wall ဆိုတာ ဘာလဲ။


Diaphragm Wall ဆိုိတာက Reinforced Concrete Wall ပါပဲ။ Super structure မှာဆိုရင် Shear Wall လို့ သုံးနှုန်းမှာ ဖြစ်ပေမယ့် sub-structure မှာဆိုရင်တော့ Diaphragm Wall လို့ သုံးနှုန်းပါတယ်။


Shear Wall က gravity Load + Lateral Load ( Wind or Seismic) ကို ထမ်းသလို 


Diaphragm Wall က လဲ gravity load + lateral load ( Soil and/or water) ကို ထမ်းပါတယ်။


(၂) Diaphragm Wall ကို ဘယ်လိုနေရာတွေမှာ သုံးလဲ။


Solider pile wall,contiguous pile wall,sheet pile wall အစရှိတဲ့ အခြားသော earth retaining structural system တွေနဲ့ သုံးလို့မရနိုင်တဲ့ နေရာတွေမှာ diaphragm wall ကို သုံးနိုင်တယ်လို့ အလွယ်တကူ မှတ်သားနိုင်ပါတယ်။ အခုပြောလိုက်တဲ့ ERSS တွေအကြောင်း overview ကို basement construction ဆိုတဲ့ ဆောင်းပါး မှာ ဖတ်ရှုနိုင်ပါတယ်။


Diaphragm Wall ကို ပြန်ကောက်မယ်ဆိုရင် 


(၁) Basement ၃ ထပ်နဲ့အထက် တည်ဆောက်ဖို့ လိုလာပြီ။ 

(၂) Ground Water table က အရမ်းမြင့်တယ်။

(၃) ပတ်ဝန်းကျင်မှာလဲ ရှိနေပြီးသား အဆောက်အဦးတွေနဲ့ ကပ်ဆောက်ရမယ်။ 

(၄) Top Down construction method နဲ့ တွဲသုံးရမယ်။

(၅) Construction Time က အကန့်အသတ်ရှိတယ်။

(၆) ရေအောက်မှာရောက်နေတဲ့ soil တွေက very unstable soil profiles ဖြစ်နေမယ်။

(၇) Cantilever Length က ပုံမှန်ထက် ပိုထားဖို့ လိုနေပြီ။ ( ပုံမှန်-၁.၅ မီတာ ကျနော်သိသလောက်ပါ။)

(၈) အသံမဆူ၊ တုန်ခါမှု နည်းနည်းနဲ့ ဘေးပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းချင်တယ်။

(၉) ကုန်ကျစရိတ် သက်သာချင်တယ်။

(၁၀) Permanent Basement Wall အဖြစ် အသုံးပြုချင်တယ်။


အပေါ်က ၁၀ ချက်ကို စဉ်းစားဖို့ လိုလာပြီဆိုရင် ဘယ်လို မြေအမျိုးအစားမှာ ဖြစ်စေ ( သဲ သို့ ရွံ့ မြေ) Diaphragm Wall ကို သုံးဖို့လိုအပ်လာပါပြီ။ 


ဘာကြောင့်လဲဆိုတာကို Deep Excavation:Theory and Practice စာအုပ် စာမျက်နှာ ၈၂ က Table 3.1 ကို ဒီမှာ တွဲပြပေးထားတယ်။ အဲဒီမှာ ERSS တွေကို comparison လုပ်ပေးထားတာကို ကြည့်နိုင်ပါတယ်။


MRT project မျိုး၊ basement ၆ ထပ်လောက် ဆောက်ရမယ့် Mix-use Residential buildings တွေမှာ သုံးကို သုံးပေးရမှာ ဖြစ်ပါတယ်။


(၃) Typical Standards for Diaphragm Wall


Thickness က ၃၀၀ ကနေ ၁၂၀၀ မီလီမီတာ အထိရှိတတ်တယ်။

အနက် ၄၅ မီတာထိ သုံးနိုင်တယ်။

တည်ဆောက်တဲ့အခါ Panel by Panel installation လုပ်ရတာဖြစ်လို့ panel တစ်ခုကို ၄ မီတာကနေ ၆ မီတာ ထိ ရှိတတ်တယ်။


(၄) Construction Sequence


(၁) Wall Alignment ပေးပါ။ 


(၂) Guide Wall တည်ဆောက်ပါ။ Alignment မှန်စေရုံသာမက မြေတူးနေစဉ် ကျင်းနှုတ်ခမ်းက မြေကြီးတွေ ပြိုဆင်းလာတာကို ကာကွယ်ပေးသလို၊ ရှိသင့်တာထက် ပိုပြီး ကျယ်ကျယ်တူးမိတာ မျိုးတွေကိုလည်း ကာကွယ်ပြီး ဖြစ်ပါတယ်။ ပုံမှန်ကတော့ ၁ မီတာ အမြင့်လောက်ပဲ လောင်းလေ့ရှိပါတယ်။


(၃) မြေတူးပါ။


(၄) တူးထားတဲ့ မြေကျင်းကို သန့်ရှင်းရေးလုပ်ပါ။


(၅) Stop-Ends ကို ထည့်ပါ။ Stop-ends ဆိုတာ panel တစ်ခု နဲ့ တစ်ခုကြား overlapping joint ကို ဖန်တီးပေးတာဖြစ်လို့ ရေလုံစေပါတယ်။


(၆) Wall သံ ဆင်ထားတာတွေ ချပါ။


(၇) ကွန်ကရစ် သွန်းလောင်းပါ။


(၈) Stop-ends ကို ကွန်ကရစ် မအိပ်ခင် ပြန်ဆွဲထုတ်ပါ။


ဒီအဆင့်တွေမှာ မပါတဲ့ အဆင့်တစ်ခုက Bentonite Slurry လောင်းထည့်တာဖြစ်ပါတယ်။ slurry က တူးနေရင်းမှာလိုအပ်သလို လောင်းထည့်ပေးသွားရမှာ ဖြစ်ပါတယ်။ ဒါမှသာ ground water ကြောင့် ကျင်းမပြိုမှာ ဖြစ်ပါတယ်။ slurry ရဲ့ height ကို ground water table အထက် ၁.၅ မီတာမှာ ထိန်းထားသင့်ပါတယ်။


Bentonite slurry နဲ့ပတ်သတ်တဲ့ viscosity Test,shear strength test,pH value,density test စတာတွေကိုလည်း စစ်ဆေးပေးရမှာဖြစ်ပါတယ်။ အသုံးပြုတဲ့ ကုဒ်ပေါ်မူတည်ပြီး သတ်မှတ်ချက်တွေ ကွာခြားနိုင်တာဖြစ်လို့ ပေးထားတဲ့ လင့်တွေမှာ နမူနာ ကြည့်ရှုနိုင်ပါတယ်။


Diaphragm Wall Construction နဲ့ပတ်သတ်လို့ စင်္ကာပူမှာ ဘယ်လိုတွေ လုပ်နေတယ်ဆိုတာကို ရုပ်သံ သဘောမျိုး ဖန်တီးထားတဲ့ မြန်မာဘူမိဗေဒအင်ဂျင်နီယာအသင်းရဲ့ Youtube link ကိုလဲ တွဲပေးထားပါတယ်။


Deep Excavation ကို စိတ်ဝင်စားအောင်၊နားလည်အောင် ကျွမ်းကျင်နိုင်နင်းစွာ သင်ပြနိုင်တဲ့ တီချာ ဒေါ်နီနီမာ ရဲ့ကျေးဇူးတွေနဲ့ ဒီပို့စ်ကို ရေးဖြစ်ပါတယ်။


မေတ္တာဖြင့်

သူရ


References:


Deep Excavation: Theory and Practice by Chang-Yu Ou


Construction Engineering Lectures from University of Melbourne


http://www.diaphragmwallconstruction.com/Presentation.html


https://www.youtube.com/watch?v=Bg0vB815V_w&feature=youtu.be









Post a Comment

0 Comments